မရောင်ရာဆီလူးနေတော့မှာလား
သတ္တလောက၌ လုပ်ငန်းတစ်ခု လုပ်ကိုင်တော့မည်ဆိုလျင် မိမိလုပ်ကိုင်မည့်
လုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်ပိုင်နိုင်မှုရှိပါမှ
မိမိ၏လုပငန်းသည် ဧကန်မုချ အောင်မြင်လိမ့်မည်
ဖြစ်ပေသည်။
မြင်ရုံသိရုံမည်ကာမတ္တဖြင့် ကျွမ်းကျင်ပိုင်နိုင်မှုမရှိပဲ
လုပ်ငန်းတစ်ခုကို လုပ်ကိုင်မည်ဆိုလျင်မူ
ထိုလုပ်ငန်းမှာ အောင်မြင်မှုလုံးဝရရှိမည်မဟုတ်ပဲ
အဆုံးစွန် ပျက်စီးဆုံးရှုံးမှုနှင့်သာရင်ဆိုင်တွေ့ကြုံရမည်မှာ
ဧကန်မုချ အမှန်တရားပင် ဖြစ်ပေသည်။
လောက၌ လက်သမားဆရာသည် သစ်သားများကို အသုံးပြု၍ အဆောက်အအုံ
ဆောက်လုပ်သော ပညာရှင်ဖြစ်ပေသည်။
ပန်းရံဆရာသည်ကား အုတ် ထုံး သဲ ကျောက်
ဘိလပ်မြေ သံ တို့ကို အသုံးပြု၍ အဆောက်အအုံကို
ဆောက်လုပ်သော ပညာရှင် ဖြစ်ပါသည်။
လက်သမားဆရာကို ပန်းရံဆရာ၏ လုပ်ငန်းခွင်သို့ပို့ပြီး
အဆောက်အအုံ ဆောက်ခိုင်းမည်။ပန်းရံဆရာကို
လက်သမားဆရာ၏လုပ်ငန်းခွင်သို့ပို့ပြီး
အဆောက်အအုံ ဆောက်ခိုင်းမည်။
ဤသို့ဆိုလျင် ထိုလက်သမားဆရာနှင့် ပန်းရံဆရာတို့သည် မိမိလုပ်ကိုင်နေသော
လုပ်ငန်းများကို ပြီမြောက်အောင်
လုပ်ကိုင်နိုင်မည်မဟုတ်ပေ။အချိန်ကာလသည်သာ
တဖြည်းဖြည်းနှင့် ရွေ့လျားကုန်ဆုံးသွားမည်သာ
ဖြစ်ပေသည်။
ထို့ကြောင့် လူမှန် နေရာမှန် ဖြစ်ရန်
အလွန် အရေးကြီးပေသည်။
လူမှန်နေရာမှန်မဖြစ်ပါက
အချိန်လည်းကုန် လုပ်ငန်းခွင်မှာလည်း
ဆုံးရှုံးမှုများအလွန် ကြီးမားလှပေသည်။
သို့ဖြစ်ပါ၍ လူမှန် နေရာမှန် ဖြစ်ရန်
အလွန် အလွန် အထူးပင် အရေးကြီးလှပေသည်။
ဤသို့သောအကြောင်းများကြောင့်
လက်သမားဆရာ
သစ်သားဖြင့် အဆောက်အအုံဆောက်လုပ်ပါ။
ပန်းရံဆရာသည်
အုတ် ထုံး သဲ ကျောက် ဘိလပ်မြေ သံတို့ဖြင့်
အဆောက်အအုံ ဆောက်လုပ်ပါ။
လယ်သမားများ လယ်ယာမြေမှာ
ကောက်ပဲသီးနှံ ထွန်ယက်စိုက်ပျိုးပါ။
တံငါသည်များ ငါးမွေး ငါးဖမ်းလုပ်ကိုင်ပါ။
အလုပ်သမားများ စက်ရုံအလုပ်ရုံတွင်
အလုပ်လုပ်ကိုင်ပါ။
စာရေးစာချီများ သက်ဆိုင်ရာ ရုံးများတွင်
ဝင်ရောက်လုပ်ကိုင်ပါ။
ပန်းဆယ်မျိုးပညာရှင်များ မိမိသက်ဆိုင်ရာ
လုပ်ငန်များတွင် ဝင်ရောက်လုပ်ကိုင်ပါ။
ဆရာဆရာမများ တက္ကသိုလ်များ ကျောင်းများတွင်
စီမံခန့်ခွဲလုပ်ကိုင်ပါ။
ဈေးသည်များ ဈေးရောင်းပါ။
ကုန်သည်များ ကုန်သွယ် ရောင်းဝယ်ဖေါက်ကားပါ။
ရဲများ ပြည်သူအပေါင်း ဘေးအန္တရာယ်မကျရောက်အောင်
ကာကွယ်ပေးပါ။
စစ်သားများ ပြည်ပရန်စွယ် အန္တရာယ်မှကာကွယ်ပါ။
လွတ်လပ်ရေးကိုကာကွယ်ပါ။
Fri-2:40hrs(12-5-2014)
ဤသို့ဆိုလျင် ထိုလက်သမားဆရာနှင့် ပန်းရံဆရာတို့သည် မိမိလုပ်ကိုင်နေသော
လုပ်ငန်းများကို ပြီမြောက်အောင်
လုပ်ကိုင်နိုင်မည်မဟုတ်ပေ။အချိန်ကာလသည်သာ
တဖြည်းဖြည်းနှင့် ရွေ့လျားကုန်ဆုံးသွားမည်သာ
ဖြစ်ပေသည်။
ထို့ကြောင့် လူမှန် နေရာမှန် ဖြစ်ရန်
အလွန် အရေးကြီးပေသည်။
လူမှန်နေရာမှန်မဖြစ်ပါက
အချိန်လည်းကုန် လုပ်ငန်းခွင်မှာလည်း
ဆုံးရှုံးမှုများအလွန် ကြီးမားလှပေသည်။
သို့ဖြစ်ပါ၍ လူမှန် နေရာမှန် ဖြစ်ရန်
အလွန် အလွန် အထူးပင် အရေးကြီးလှပေသည်။
ဤသို့သောအကြောင်းများကြောင့်
လက်သမားဆရာ
သစ်သားဖြင့် အဆောက်အအုံဆောက်လုပ်ပါ။
ပန်းရံဆရာသည်
အုတ် ထုံး သဲ ကျောက် ဘိလပ်မြေ သံတို့ဖြင့်
အဆောက်အအုံ ဆောက်လုပ်ပါ။
လယ်သမားများ လယ်ယာမြေမှာ
ကောက်ပဲသီးနှံ ထွန်ယက်စိုက်ပျိုးပါ။
တံငါသည်များ ငါးမွေး ငါးဖမ်းလုပ်ကိုင်ပါ။
အလုပ်သမားများ စက်ရုံအလုပ်ရုံတွင်
အလုပ်လုပ်ကိုင်ပါ။
စာရေးစာချီများ သက်ဆိုင်ရာ ရုံးများတွင်
ဝင်ရောက်လုပ်ကိုင်ပါ။
ပန်းဆယ်မျိုးပညာရှင်များ မိမိသက်ဆိုင်ရာ
လုပ်ငန်များတွင် ဝင်ရောက်လုပ်ကိုင်ပါ။
ဆရာဆရာမများ တက္ကသိုလ်များ ကျောင်းများတွင်
စီမံခန့်ခွဲလုပ်ကိုင်ပါ။
ဈေးသည်များ ဈေးရောင်းပါ။
ကုန်သည်များ ကုန်သွယ် ရောင်းဝယ်ဖေါက်ကားပါ။
ရဲများ ပြည်သူအပေါင်း ဘေးအန္တရာယ်မကျရောက်အောင်
ကာကွယ်ပေးပါ။
စစ်သားများ ပြည်ပရန်စွယ် အန္တရာယ်မှကာကွယ်ပါ။
လွတ်လပ်ရေးကိုကာကွယ်ပါ။
Fri-2:40hrs(12-5-2014)
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home